ထိုင်းမုန့်တီ ထောင်းနည်း

June 17, 2020


(1) ငရုတ်သီးအနီတောင့်ကိုနွမ်းရုံသာပြုတ်ပေးပါ။ (တကယ့်မုန့်တီထောင်းမှာ ငရုတ်သီးကိုမပြုတ်ရပါဖူး)

(2) ပြုတ်ထားသောငရုတ်အနီတောင့် မြေပဲအနည်းငယ်နှင့်ထန်းလျက်အားကျေညက်အောင်ထောင်းထားပါ။

(3) ခရမ်းချဉ်သီးနှင့်သံပုရာသီး လှီးထားပေးပါ။

(4) မုန့်တီဖတ်ပေါ်သို့ အပေါ်မှထောင်းထားသောအရာများထည့်ပါ။ လှီးထားသောခရမ်းချဉ်သီးလည်းထည့်ပါ။

(5) ထိုင်းငပိရည် အချိုမှုန့် (သို့) ပုဇွန်ခြောက်မှုန့် ငံပြာရည်အနည်းငယ် သံပုရာသီးညှစ်ပေးပြီး နယ်ပေးပါ။ (ထောင်းသည့် ငရုတ်ဆုံရှိပါက အသာလေးလိမ့်ထောင်းနိုင်ပါသည်) ထို့နောက် အရသာ အစပ်အငန်အားမြည်းကြည့်ပြီး လိုအပ်သလို ပြင်ဆင်ပြီး စားနိုင်ပါပြီနော်။ seafood တို့ သင်္ဘောသီးတို့ နှစ်သက်ရာဖြင့်လည်းရောစားလို့ရပါတယ်။ ထိုင်းငပိရည်မကြိုက်သူ (သို့) ဝယ်မရရင် (သို့) အရည်ရွဲရွဲလေးစားချင်ပါက ရေနွေးအစားထိုးသုံးပါ။


Credit to Original Uploader

Shared by MayMay Cook

  • Share:

You Might Also Like

0 comments