အရင်ဆုံးငါးကိုတစ်ကောင်လုံးကို ဆားနဲ့သံပုရာသီးအရည်ညှစ်ပြီးသမအောင်ပွတ်ပြီး ဆေးပေးရပါမယ်။
အညှီအချွဲတွေပျောက်ပြီဆို ဂျင်းကိုထောင်းရလာတဲ့အရည်ကို ငါးကိုနေရာအနှံ့ပွတ် ကြက်သားမှုန့်လေးလည်းနေရာအနှံ့ပွတ်ပြီး ပေါင်းပေးရပါမယ်။
ထမင်းပေါင်းအိုးထဲရေထည့် ပေါင်းတဲ့အလယ်အကန့်လေးတင် စတီးပန်းကန်ပြားလေးထဲမှာမှ ငါးကိုထည့်ပြီးပေါင်းပေးရုံဘဲနော်။
ငါးပေါင်းပြီးလို့ထွက်လာတဲ့အရည်ကိုသွန်ပစ် ငါးကိုအအေးခံ။
ထန်းလျက် နဲ့ ငရုတ်သီးအနီကိုညက်အောင်ထောင်း (မြေပဲထည့်လျှင်ရ သို့သော်အချဉ်ပေါ့သွားမည်ဆိုး၍မထည့်တော့ပါဖူး)
ကြက်သားမှုန့် ငံပြာရည် သံပုရာရည် အချိုမှုန့် ရေနွေးအနည်းငယ်ထည့်ပြီး ဆော့စ်ဖျော်ပေးရပါမယ်။
ပြီးမှ ထောင်းထားတဲ့ ထန်းညက်နဲ့ ငရုတ်သီးတွေထည့် နံနံပင် ပူတီနံ ကြက်သွန်ဖြူလေးလှီးပြီး သမအောင်မွှေ။
ဆော့စ်ရပြီဆို ငါးပေါင်းကိုအလယ်မှာထား ဆော့စ်အရည်တွေ လောင်းချ သံပုရာကွင်းလေးတွေနဲ့အလှဆင်။
စားချင်စရာ ရှုးရှဲငါးသံပုရာပေါင်းလေးရပါပြီ။
ထန်းလျက်မကြိုက်ရင် သကြားအစားထိုးသုံးလို့ရတယ်နော်။

0 comments