မုန့်ရည်အတွက်လိုအပ်သောပစ္စည်း
- ဆန်မှုန့် - ၁၅၀ ဂရမ် (၁၀ကျပ်သား)
- Tempura flour - ၇၅ ဂရမ် (၅ ကျပ်သား)
- ပဲစိမ်းမှုန့် - ၁ စားပွဲတင်ဇွန်း
- စား ဆော်ဒါ - ၂ ငြုပ်ကောင်းစေ့ခန့်
- ကြက်ဥ - တစ်လုံး
- ဆား - အနဲငယ်
- အချိုမှုန့်(စားတတ်ရင်) - အနဲငယ်
တို့ကို ရောပြီး ရေကျဲကျဲလေး ဖျော်ပြီး တစ်နာရီလောက် ထားလိုက်ပါ။
ပြီးရင် ပဲပြုတ်၊ ငုံးဥ၊ ကြက်သွန်မြိတ်/နံနံပင်ပါးပါးလှီး (မုန့်ရည်ထဲ တစ်ခါတည်းရောထားလိုက်ပါ) တို့နဲ့ စားချင်တဲ့အချိန် စိတ်တိုင်းကျ လုပ်စားလို့ ရပါပြီ။
မုန့်ရည်ကျဲကျဲ ကို ဆီများများလေးနဲ့ လုပ်မှ ပိုစားကောင်းတာမို့ ပဲစေ့ဆီ နေကြာဆီလေးတွေ သုံးရင် ကျန်းမာရေးတွက် ပိုကောင်းပါတယ်ရှင်။
မုန့်ရည် ပိုရင် မန်ကျည်းချဉ် ပိုရင် နောက်ရက် လုပ်စားရအောင် ရေခဲသေတ္တာထဲ သိမ်းထားလိုက်ပါနော်။
Credit to Original Uploader
Shared by MayMay Cook


0 comments