လိုအပ်သောအရာများ
- (2) မြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ငုံးဥ ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်း (ဆိုင်တွေမှာ မြေအိုးမြီးရှည်လုပ်ဖို့အတွက် လိုအပ်ပစ္စည်း အစုံထည့်ပေးပါ ပြောလိုက်ရင်ရပါသည်)
- (3) ပဲငပိ
- (4) ကြက်သွန်အနီ သံပုရာသီး ကန်စွန်းရွက် ပန်းဂေါ်ဖီ အာလူး မုန်လာဥနီ မုန်ညှင်းရွက် ငရုတ်ကောင်းမှုန့် ဟွာကျောင်းအမှုန့် (ကုန်ခြောက်ဆိုင်တွေမှာအလွယ်တကူဝယ်လို့ရပါသည် မထည့်လည်းဘာမှမဖြစ်ပါဖူးနော်)
Ready made အထုပ်တွေက ဘယ်လိုချက်ထားလဲ ဘာဆိုးဆေး တာရှည်ခံပစ္စည်းတွေထည့်ထားလဲ မသိနိုင်တာမို့ သန့်သန့်ရှင်းရှင်းနဲ့ အိမ်မှာ ကိုယ့်ဘာသာအနှစ်လေးချက်လိုက်ရအောင်နော် Ready made အထုပ်နဲ့ အရသာချင်းအတော်လေးကွာတယ်လို့ အာမခံပါတယ်ရှင့်။
ချက်နည်း
(1) မြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်းတို့ကိုရေစိမ်ထားပေးပါ။
(2) ကြက်သား သို့မဟုတ် ကြက်အရိုး ကိုအသားမှုန့်လေးနယ်ပြီး ရေတဝက်လောက်ထည့်ပြီးပြုပ်ပေးပါ။ ဆူလာရင် အပေါ်ကဝေ့နေတဲ့ အမြုပ်ရေတွေ ခပ်ထုတ်ပစ်ပါ။ (အသားပြုတ်ရည်က ကြာကြာပြုတ်နိုင်လေ အရသာပိုကောင်းလေပါနော်)
(3) ကြက်ပြုတ်ရည်ထဲမှ ကြက်သားများကိုဆယ်ယူပြီး မွှထားပေးပါ။
(4) ငုံးဥပြုတ်ထားပေးပါနော်။
(5) ကြက်သွန်ဖြူခွာပြီးလှီးထားပါ ကြက်သွန်နီ ကို ညက်နေအောင်ထောင်းပေးပါ။ (ညက်ညက်ကြေနေမှ ရမှာပါနော် ကြိတ်စက်သုံးရင်ပိုကောင်းပါတယ်)
(6) ကြက်သွန်ဖြူကို ဆီချက်ချက်ပေးပါ။ (မထည့်လည်းရပါသည်)
(7) ဆီထည့်ပါ ဆီဆူလာရင် ညက်နေသောကြက်သွန်နီထည့် အရောင်တင်မှုန့်ထည့် ခုနကပြုတ်ထားတဲ့ကြက်ပြုတ်ရည်ထဲမှ ကြက်သားများကို ဆယ်ပြီး မွှကာထည့်ပေးပါ။ ပဲငပိနှင့်ဟွာကျောင်းအမှုန့်ထည့်ပါ။ ငံပြာရည်အနည်းငယ်ထည့်ပါ ရေနည်းနည်းလေးထည့်ပြီး အနှစ်ရအောင်ချက်ရပါမယ်နော်။ကန်စွန်းရွက် အာလူး ပန်းဂေါ်ဖီ မုန်ညှင်းရွက် မုန်လာဥနီတို့ကို လှီးထားပေးပါ။
ဒါဆို မြေအိုးမြီးရှည် လုပ်စားလို့ရပါပြီနော်။
အိုးထဲသို့ ရေစိမ်ထားသောမြီးရှည်အဖတ် ကြက်တောင်ပံတု အသားတု ငုံးဥ ကြွက်နားရွက်မှို ကျောက်ပွင့် ပန်းပွင့်ခြောက် ကော်ချောင်း တို့ကိုထည့်ပါ။
အပေါ်မှ ကန်စွန်းရွက် အာလူး ပန်းဂေါ်ဖီ မုန်လာဥနီတို့ကိုထည့်ပါ အဲ့အပေါ်ကမှ ခုနကချက်ထားတဲ့ ပဲပိစပ်ကြက်သားအနှစ်ထည့် ကြက်သားမှုန့်နည်းနည်းထည့်ပြီး ကြက်ပြုပ်ရည် တဝက်နီးပါး ဆမ်းလိုက်ပါ။
ပြီးရင် ဆူလာတဲ့အထိ အပူပေးလိုက်ပါနော်။ ဆူလာပြီဆို အထက်အောက် လှန်အောင်မွှေပေးပြီး ငံပြာရည်နှင့်ငရုတ်ကောင်းမှုန့်ထည့်ပါ။
ချက်ထားသောဆီချက်ထည့်ပါ အပေါ်မှ ငုံးဥပြုပ်လေးထည့် သံပုရာသီးလေးညှစ်ပြီး အစပ်ကြိုက်လျှင် ငရုတ်သီးမှုန့်လေးပါထည့်၍စားနိုင်ပါပြီနော်။
ဒါဆိုအရသာလည်းရှိ သန့်လည်းသန့်ရှင်းတဲ့ အိမ်မှာလုပ်နိုင်တဲ့ မြေအိုးမြီးရှည် ချဉ် ငန် စပ် လေးရပါပြီ။
0 comments