အာလူးကြော်နည်းမျိုးစုံ

July 16, 2020


(၁) အာလူးကြော်

အဆာပြေ သရေစာအနေနဲ့ စားစား၊ မန်ကျည်းချဉ်ရည်လေးနဲ့တို့ပြီး ထမင်းဖြူလေးနဲ့တွဲကာ သက်သတ်လွတ်ပဲစားစား အရသာရှိလှတဲ့ အာလူးကြော်လေးပါ။

ပါဝင်ပစ္စည်းများ

  • အာလူး - ၃၀ ကျပ်သား (အရွယ်လတ်)
  • ရွှေလိပ်ပြာအကြော်မှုန့် - ၆၀ ဂရမ်
  • ဆား - အနည်းငယ်
  • ပျဉ်းတော်သိမ်ရွက် - ၆ ခက်
  • ရေ - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ကြော်ရန် ဆီ ၁ ၁/၂ လက်မအနက်

ပြုလုပ်နည်း

၁။ အာလူးများကို နူးအောင်ပြုတ်ပြီး ဓားနဲ့ထိုးကြည့်၍ မာတင်းတင်း မဖြစ်တော့လျှင် ပြုတ်ရည်ပူများကို သွန်ပြီး အအေးခံပါ။ ရေအေးလောင်းချပါ။ ရေဆေးခြင်းမပြုရပါ။ လေနဲ့သာ ခြောက်သွေ့ပြီး အေးလာသည်အထိ အအေးခံပါ။

၂။ အအေးမြန်စေချင်လျှင် ၄ စိတ်ခွဲပြီး လှီးထားပါ။ အာလူးတဲ့အခါ ငရုတ်ဆုံနဲ့ ထောင်းပါ။ သို့မဟုတ် ချိစ်ဂရိတ်တာနဲ့ ခြစ်ပါ။

၃။ ပြီးလျှင် အာလူးများကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရွှေလိပ်ပြာအကြော်မှုန့်၊ ပါးပါးရိတ်ရိတ်လှီးထားတဲ့ ပျဉ်းတော်သိမ်ရွက်၊ ရေနှင့် ဆားတို့ကို ထည့်ပြီးနယ်ပါ။ အာလူးများ စေးလာပြီး ပါဝင်ပစ္စည်းအားလုံး သမသွားသည်အထိ နယ်ပါ။

၄။ လက်ကို မကပ်အောင် ဆီဆွတ်ပြီး နယ်ထားတဲ့အာလူးများကို အလုံးလေးတွေ၊ လွန်းပုံလေးတွေ မိမိနှစ်သက်တဲ့ပုံစံ ပြုလုပ်ပါ။

၅။ မီးအပူ အလယ်အလတ်မှာ ထားပြီး ဆီအိုးတည်ပါ။ ဆီ အပူ ၃ဝဝ ဒီဂရီဖာရင်ဟိုက် ရလျှင် (သို့) ဝါးတူ ကို ဆီပူထဲ နှစ်ကြည့်၍ ပူစီဖောင်းလေးများ ထလာလျှင် အာလူးကို စ၍ကြော်နိုင်ပါပြီ။ စပြီးကြော်ချိန်မှာ ဆီသိပ်ပူလျှင် အာလူးများ ကွဲထွက်နိုင်ပါတယ်။

၆။ အာလူးလုံးလေးများ အကျက်ညီအောင် ဟိုဘက်၊ ဒီဘက် လှန်ပေးပါ။ ရွှေအိုရောင်သန်းခါနီးဆယ်ယူရန် နီးလာချိန်မှာ မီးအပူကို အမြင့်ဆုံး မြှင့်ပေးပါ။

၇။ ရွှေအိုရောင်သန်းလာတဲ့ အာလူးများကို ဆယ်ယူပါ။ ပြီးလျှင် ဆီစုပ်စက္ကူပေါ်တင်ပြီး ဆီစစ်ပါ။

၈။ အအေးခံပြီးလျှင် ကြွပ်ရွသောအာလူးကြော်များသုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။



(၂) အာလူးမျှင်ကြော်

အာလူးမျှင်ကြော်ကတော့ ကြွပ်ကြွပ်ရွရွလေးဖြစ်တာမို့ စားလို့ အရမ်းကောင်းပါတယ်။ ကြော်ပြီး
လျှင်အိတ်ကလေးတွေနှင့် ပိတ်ပြီး သိမ်းလို့ရတဲ့ ခံတွင်းမြိန်စာလည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၃ လုံး
  • ပျဉ်းတော်သိမ် - အနည်းငယ်
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အနည်းငယ်
  • ငရုတ်ကောင်းမှုန့် - သင့်တော်ရုံ
  • ဆား… အနည်းငယ်

ပြုလုပ်နည်း

၁။ အာလူးကို အခွံနွှာပြီး အမျှင်လေးများဖြစ်အောင် လှီးပါ။

၂။ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နနွင်းမှုန့်တို့ကို ထည့်နယ်ပြီး ဆီထဲ နှစ်ကြော်ပါ။ ကြွပ်ရွခါနီးလျှင် ပျဉ်းတော်သိမ်ရွက်ကိုပါ ရောပြီး ကြော်ပါ။ အရောင်လေးတွေလှပြီး ကြွပ်လျှင် ရပါပြီ။



(၃) အာလူးပုစွန်ကြော်

ပါဝင်ပစ္စည်းများ

  • အာလူးအကြီး - ၂ လုံး
  • ပုစွန်ကြား ၁၀၀ ဂရမ်
  • Cheddar Cheese - ၁၀၀ ဂရမ်
  • ကွကျဥ - ၁ လုံး
  • ကြက်သွန်မြိတ် - အနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ - ၁/၄ ခွက်
  • Oregano လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • Cooking Cream - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ

၁။ ဦးစွာ ရေစင်အောင်ဆေးထားသော အာလူးများကို ခက်ရင်းဖြင့် ထိုးဖောက်ပြီး ဆီ၊ ဆားများဖြင့်နှံ့စပ်အောင် လူးထားပါ။

၂။ လူးထားသော အာလူးများကို Oven ရှိပါက Oven အတွင်း ၄၅ မိနစ်ခန့် ဖုတ်ပါ။ Oven မရှိလျှင် Aluminium ပတ်ပြီး မီးသွေးမီးဖို၊ ဂက်စ်မီးဖို စသည်ဖြင့် ဖုတ်ပေးလို့ရပါတယ်။

၃။ ထို့နောက် ဖုတ်ထားသော အာလူးများကို တစ်ခြမ်းခြမ်းပြီး အတွင်းသားများကို ဇွန်းဖြင့်ခြစ်ထုတ်ပါ။ ဘေးသားလေးတွေ အနည်းငယ်ချန်ဖို့တော့ သတိပြုပါနော်။

၄။ အာလူးခွံကို အတွင်းအပြင်ဆီသုတ်ပြီး Oven ထဲမှာ ၁၀ မိနစ်ခန့် ဆက်၍ ဖုတ်ပါ။ အာလူးခွံများအနည်းငယ်ကြွပ်လာပါက ထုတ်ယူပြီး အာလူးခွံလေးအတွင်းသို့ ဇွန်းဖြင့် ခြစ်ထားသော အာလူးတော့ သတိပြုပါနော်။

၄။ အာလူးခွံကို အတွင်းအပြင်ဆီသုတ်ပြီး Oven ထဲမှာ ၁၀ မိနစ်ခန့် ဆက်၍ ဖုတ်ပါ။ အာလူးခွံများအနည်းငယ်ကြွပ်လာပါက ထုတ်ယူပြီး အာလူးခွံလေးအတွင်းသို့ ဇွန်းဖြင့် ခြစ်ထားသော အာလူးအကြေ၊ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းနှင့် Oregano တို့ကို ချိစ်ခြစ်ထားသော အမျှင်များအောက်ခြေခံ၍ ထည့်ပေးပါ။ Cook မနော ထည့်ပါ။ 

၅။ ထို့နောက် အခွံနွှာထားသော ပုစွန်လေးများစီရီပြီး အပေါ်က ချိစ်ထပ်ဖြူးပေးပါ။ ပြီးလျှင် Oven
အတွင်း ၁၅ မိနစ်ခန့် ထပ်ဖုတ်ပြီးလျှင် အရသာရှိတဲ့အာလူးခွံလေး ရလာပြီပေါ့နော်။ အာလူးခွံလေးရလာပြီဆိုရင်တော့ အပေါ်ကနေ ကြက်သွန်မြိတ်လေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။


Credit to Original Uploader

Shared by MayMay Cook

  • Share:

You Might Also Like

0 comments