လုပ်နည်း
သင်္ဘောသီးကို အခွံခွါ သေချာရေဆေးပြီး အောက်က ရေစလုံကြီးခံပြီး အတုံးသေးတွေဖြစ်အောင် ပေါက်ပေးပါ။
ပြီးရင်တော့ ငရုတ်သီး အစိမ်း / အခြောက် (မိမိကြိုက် နှစ်သက်တာကိုရွေးပါ) ကို စိမ်းစားငပိထည့်ပြီး ထောင်းပေးပါ။
ငရုတ်သီး အခြောက်ဆိုရင်တော့ မီးကင်ပေးစရာမလိုပေမယ့် ငရုတ်သီးအစိမ်းဆိုရင်တော့ မီးကင်ပေးပါ။ ငရုတ်ကောင်းထည့်ပေးပါ။ ပြီးရင် ရောနယ်ရုံပါပဲ။ မကျည်းသီးနှစ် ကောင်းကောင်း ထည့်ပေးရပါမယ်။
အပေါ့ အငန် အချို အချဉ် က မိမ်ိကြိုက်သလောက်ကို ထည့်ပေးပါ။ မကျည်းသီး အစိမ်းကို ငရုပ်သီးထောင်းချိန်မှာ တပါတည်း ထည့်ထောင်းပြီး သုပ်ရင်လည်း ရပါတယ်။
မှတ်ချက် - ငပိကောင်းရန် အရေးကြီးပါသည်။
Credit to Original Uploader
Shared by MayMay Cook
0 comments