ကြက်သားရခိုင်သုပ် သုပ်နည်း

July 09, 2020


ပါဝင်ပစ္စည်းများ

  • ကြက်သား - ၂ဝဝ ဂရမ်
  • ငရုတ်သီးစိမ်း/နီ - ၁၀ တောင့်
  • ကြက်သွန်ဖြူ - ၆ မြွှာ
  • သကြား - အနည်းငယ်
  • ကြက်သွန်နီ - ၂ လုံး
  • သံပရာသီး - ၂ လုံး
  • ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
  • စိမ်းစားငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား - အနည်းငယ်
  • ကြက်သွန်မြိတ် - ၃ ပင်ခန့်
  • ခရမ်းချဉ်သီး - ၂ လုံး
  • ရှောက်ရွက် - ၇ ရွက်ခန့်

ပြုလုပ်နည်း

ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကို အနေတော် လှီးပြီး ရှောက်ရွက်ကို ပါးပါးလှီးပါ။

သံပရာသီးကို အရည်ညှစ်ရန်အတွက် လှီးထားပါ။ ပြီးလျှင် အိုးကို မီးဖိုပေါ်တင်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း/နီတို့ကို အနံ့မွှေးလာသည်အထိ လှော်ပါ။

လှော်ထားတဲ့ ငရုတ်သီးစိမ်း/နီနှင့် ကြက်သွန်ဖြူတို့ကို ထောင်းပါ။ ထောင်းထားတဲ့ အထဲ စိမ်းစားငါးပိထည့်ပြီး သံပရာရည်ထည့်ပါ။ ဆား၊ သကြား၊ ငံပြာရည်ထည့်ပြီး နှံ့စပ်အောင် နယ်ပါ။

ပြီးလျှင် ပြုတ်ပြီး ပြင်ထားတဲ့ ကြက်သား၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပြီး နှံ့အောင်မွှေထားပါ။

အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။


Credit to Original Uploader

Shared by MayMay Cook

  • Share:

You Might Also Like

0 comments