(၁) ရန်ကုန်ထမင်းပေါင်း
ပါဝင်ပစ္စည်း (၃ပွဲစာ)
- မုန်ညင်းဖြူ -လက်တစ်ဆုပ်
- ဘိုစားပဲ- ၃တောင့်
- ပန်းမုန်လာ/စိမ်း - တခက်
- ပြောင်းဖူး- ၃တောင့်
- ရွှေပဲသီး- ၅တောင့်
- မုန်လာဥနီ - အနည်းငယ်
- ပဲပင်ပေါက် - အနည်းငယ်
- ကန်ဇွန်းရွက် - လက်တစ်ဆုပ်
- ခရမ်းချဉ်သီး - တစ်လုံး
- ငုံးဥ- ၁၀လုံး
- ငါးဖယ်လုံး - ၅လုံး
- ပုဇွန် - ၅ကောင်
- ကြက်သား- ၅၀ဂရမ်
- ကြက်သွန်ဖြူ - ၃မြောင်း
- ကြက်ပြုတ်ရည်- တစ်ပန်းကန်လုံး
- ဆား - အနည်းငယ်
- ဟင်းခပ်မှုန့်-တဇွန်း လ္ဘက်ဇွန်း
- ပြောင်းဖူးမှုန့်/ကော်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
- ဆီ - ၃ဇွန်း
- ထမင်းဖြူ - ၃ပွဲ
ပြင်ဆင်ပြုလုပ်ပုံ
(၁) ပါဝင်သောသီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။ကန်ဇွန်းရွက်ပဲပင်ပေါက်နှင့်ခရမ်းချဉ်သီးကိုဘေးဖယ်ထားပါ။ မိမိနှစ်သက်ရာသီးနှံများကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။
(၂) ကြက်သားနှင့်ပုဇွန်တို့ကိုရေဆေးသန့်စင်ကာလှီးဖြတ်ထားပါ။ ငုံးဥကိုပြုတ်ပြီးအခွံသင်ထားပါ။
(၃) ပန်းကန်တခုတွင်ပါဝင်သောအသားပုဇွန်ငါးလုံးငုံးဥနှင့်သီးနှံတို့ကိုတစုထဲထားပါ။ ပြောင်းဖူးမှုန့်ကိုရေနှစ်ဇွန်းထည့်ပြီးဖျော်ထားပါ။ကြက်သွန်ဖြူရိုက်ပြားထားပါ။
(၄) အားလုံးအသင့်ဖြစ်ပါကဒယ်အိုးကိုအပူပေးပြီးဆီထည့်ကာကြက်သွန်ဖြူနှင့်ကြက်သားကိုဦးစွာချကြော်ပါ။
(၅ )ကြက်သားအရောင်ပြောင်းပါကပုဇွန်နှင့်ငါးဖယ်လုံးတို့ထည့်ပါ။
(၆) ရေဆေးရေစစ်ထားသောသီးနှံတို့ကိုထည့်ကြော်ပေးပါ။ မီးပြင်းဖြင့်ကြော်ပါ။
(၇) ငုံးဥပြုတ်ထည့်ပါ။ ကန်ဇွန်းရွက်နှင့်ပဲပင်ပေါက်ခရမ်းချဉ်သီးနောက်ဆုံးမှထည့်ပါ။ ဆားဟင်းခပ်မှုန့် တို့ကိုထည့်ပြီးကြက်ြ ပုတ်ရည်ထည့်ပါ။
(၈) ဆူပွက်ပါကအသင့်ဖျော်ထားသောပြောင်းဖူးမှုန့်ကိုထည့်ပြီးခပ်မြန်မြန်မွေပေးကာအရသာအပေါ့အငန်မြည်းပြီးပန်းကန်တွင်အသင့်ထည့်ထားသောထမင်းဖြူပေါ်တွင်ခပ်ထည့်ပေးပါ။ နှစ်သက်ရာဂေါ်ဖီချဉ်ကြက်သွန်ချဉ်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

(၂) ဝက်သားထမင်းပေါင်း
ဝက်သားအတုံးလိုက်ကို ရေနွေးဆူဆူမှာ ၄မိနစ်လောက်ပြုတ်ပြီး ပြန်ဆယ်ထား ခရင်းနဲ့ နေရာအနှံအပေါက်ဖြစ်အောင်လိုက်ထိုး ဆား သကြား ပဲငံပြာရည် အရသာမှုန့် ငရုတ်ကောင်း (မဖြစ်မနေမထည့်ပစ္စည်းများမဟုတ်ပါ ဟင်းချက်ဝိုင် ပျားရည် red food colour) တို့ဖြင့်နယ်ကာ ရေခဲသေတ္တာထဲမှာ ၅နာရီလောက်ကြာအောင် အသားနှပ်ပေးထားပါ။
အသားနှပ်ပြီးရင် ပေါင်းမှာလား oven ထဲထည့်ကင်မလား လှီးပြီးထည့်ကြော်မလား ကိုယ့်ဘာသာအဆင်ပြေရာလုပ်ပါ။
ပေါင်းမယ်ဆို ပေါင်းအိုးအလယ်ကန့်သုံးပြီး အသားကျက်တဲ့ထိပေါင်းပြီး အပြားလေးတွေလှီးပြီးစားလို့ရပြီ။ ထွက်လာတဲ့ အရည်ကိုမလွင့်ပစ်နဲ့ အောက်မှာသုံးရမယ့်နေရာတွေပေါ်လာလိမ့်မယ်။
ကင်မယ်ဆိုသေချာကျက်အောင်ကင်ပြီး စားလို့ရပြီ။ ခုကတော့ လှီးပြီး ချက်မယ်။
ဘဲဥ ငုံးဥ ဝက်ဥချောင်းကြော် သခွားသီး နံနံပင် အသင့်ပြင်ထားပါ။
ကြက်သွန်ဖြူ တစ်ဥကိုအခွံခွာ ဓားပြားရိုက်ပြီး ဆီသပ် အရောင်ပြောင်းသွားရင် ပဲငပိအချိုထည့်ပြီးမွှေ ရေ ပဲငံပြာရည်အကြည် အရသာမှုန့် ထည့် လှီးထားတဲ့ ဝက်သားပြားထည့်ပြီးချက်။
ရေခမ်းခြောက်နေအောင် မချက်ရ ရေကျန်နေရပါမယ်။ ကော်ရည်ကြိုက်တယ်ဆို ကော်ရည်လေးဖျော်ထည့်ပြီး ခဏလောက် မီးအပူပေးလိုက်ဦး။ ပြီးမှ ထမင်းပေါ်ကနေ ဆမ်းချလိုက်ပြီး အစာပလာတွေနဲ့ စားရုံပါဘဲ။
ဆော့ကတော့ ကြက်သွန်ဖြူ ဂျင်း ကိုထောင်းထား ပြီးတော့ ငရုတ်သီးစိမ်း ဝက်အသားပြုတ်ရည် အားလုံးကိုရောလိုက်ပါ။ ပဲငပိတစ်ဇွန်းစာထည့်ပါ။ သံပုရာရည်ညှစ်ပါ။
(၃) တရုတ်ထမင်းပေါင်း
ပါ၀င်သောပစ္စည်းများ
- ၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး)
- ၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ)
- ၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)
- ၄။ ငါးဖယ်လုံး – ၅လုံး (Market များတွင်၀ယ်နိုင်သည်) (optional)
- ၅။ မုန်လာဥနီ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
- ၆။ ပြောင်းဖူး အသေး – ၅ကျပ်သား (အပါး စောင်းလှီးပါ)
- ၇။ ဘိုစားပဲ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
- ၈။ မှို- ၅ကျပ်သား (အပါး စောင်းလှီးပါ)
- ၉။ ငုံးဥ – ၅လုံး ( ပြုတ်ပြီးသား)
- ၁၀။ မျှစ် – ၂ခု (အရှည်ပါးပါးလှီးပါ)
- ၁၁။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
- ၁၂။ ကြက်ပြုတ်ရည် (သို့) ရေ – ၄ခွက်
- ၁၃။ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ၁၄။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ၁၅။ သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ၁၆။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)
- ၁၇။ ကြက်သွန်ဖြူ – ၂မွှာ (ထောင်းပါ)
- ၁၈။ ကြက်သွန်နီ – တ၀က် (ထောင်းပါ)
ချက်ပြုတ်နည်း
၁။ ကြက်သားကို ဆား (လက်ဖက်ရည်ဇွန်း တ၀က်)၊ ကော်မှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်နုယ်ပေးပါ။
၂။ ထို့နောက် ဒယ် (Non-Stick pan) ထဲသို့ ဆီဆီများများထည့်ကာ ကြက်သားကို အညှိရောင်သန်းလာအောင် မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ကြက်သားများကို ဇကာဖြင့် ဆီစစ်ပြီး ပန်းကန်ပြားတစ်ခုထဲ ထည့်ထားပေးပါ။
၃။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၄ ဇွန်း) ထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ (၂မွှာ)၊ ကြက်သွန်နီ တ၀က် ထည့် အညှိရောင် သန်းလာသည် အထိ ဆီပူထိုးပေးပါ။
၄။ ပြီးလျှင် ငါးဖယ်လုံး၊ ကြက်အသဲအမြစ်၊ ပါ၀င်သော ဟင်းသီးဟင်းရွက်များကို ၁မိနစ်ခန့် ကြော်ပေးပါ။ ကြက်ပြုတ်ရည် (သို့) ရေကို ထည့်ပြီး မွှေပေးပါ။
၅။ ထို့နောက် ကြော်ထားသော ကြက်သား၊ ငုံးဥ၊ ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ ထည့်ကာ ဟင်းရွက်များ နူးလာသည် အထိ မီးပြင်းပြင်းဖြင့် တည်ထားပါ။ ပြီးလျှင် အပေါ့အငံ မြည်းကြည့်ပါ။
၆။ အပေါ့အငံ အနေတော်ပါက ပုံတွင်ပါသည့်အတိုင်း မီးပြင်းပြင်းဖြင့် ရေကို များများအနေထားတွင် ဖျော်ထားသော ကော်ရည်ကို ထည့် မွှေပေးပါ။
မှတ်ချက်။ ။ ကော်ရည်သည် မပျစ် မကျဲ အနေထားတွင် ရှိနေရမည်။ ကော်ရည် အရမ်းပျစ်သွားလျှင် ရေအနည်းငယ် ထပ်ထည့်ပေးပါ။ ကော်ရည် ကျဲနေလျှင် ကော်မှုန့်အနည်းငယ် ဖျော်ကာ ထည့်ပေးပါ။
၇။ ထို့နောက် ထမင်းပူပူကို ပန်းကန်လုံးထဲထည့် ကာ ထမင်းစားပန်းကန်ပြားထဲသို့ မှောက်ထည့်ပေးပါ။ ပြီးလျှင် ကြော်ထားသော ဟင်းရွက်များကို ထမင်းပေါ်သို့ လောင်းပေးပါ။
၈။ ပူပူနွေးနွေးနဲ့ ထမင်းပေါင်းကို အဆင့်သင့် စားသုံးနိုင်ပါပြီ။
(၄) မီဆိုအနှစ် နဲ့ သက်သက်လွတ် ထမင်းပေါင်း
ပါ၀င်ပစ္စည်းများ
- ဂျပန် တို့ဟူး – ၂၀၀ ဂရမ် (အတုံးလတ်များ တုံးပါ)
- မှိုပွင့်ခြောက် – ၅ခု (ရေနွေးဖြင့် ပြုတ်ပြီ အညှာဖြတ်ကာ ပါးပါးလှီးထားပါ)
- ဘိုစားပဲ – ၆ခု (အတုံးသေးများ တုံးပါ)
- ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
- ငရုတ်သီးပွစိမ်း – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
- တရုတ်နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
- ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
- မီဆိုအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း (City Mart တွင် ၀ယ်ယူနိုင်သည်)
- ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
- ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း (ရေဖြင့် ဖျော်ထားပါ)
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ဘိုစားပဲ၊ ငရုတ်သီးပွနီ၊ ငရုတ်သီးပွစိမ်း တို့ကို ထည့်ပြီ အရောင်လှအောင် ၁မိနစ်ခန့် ရောမွှေပေးပါ။
၂။ ထို့နောက် ဘိုစားပဲ၊ ငရုတ်သီးပွနီ၊ ငရုတ်သီးပွစိမ်း တို့ကို ပန်းကန်ထဲ ပြန်ဆယ်ထားပါ။
၃။ ဒယ်ထဲ ဆီထပ်ထည့် ဆီပူလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၄။ ပြီလျှင် ရေ(၁ခွက်)၊ မီဆိုအနှစ်၊ ပဲငံပြာရည်၊ သကြား၊ ဆား တို့ကို ထည့်ပေးပါ။
၅။ ပွက်ပွက်ဆူလာမှ တို့ဟူး၊ ဘိုစားပဲ၊ ငရုတ်သီးပွနီ၊ ငရုတ်သီးပွစိမ်း၊ မှို တို့ကို ထည့်ပြီ အသာလေး ၁မိနစ်ခန့် ရောမွှေပေးပါ။ (အရမ်းမမွှေပါနှင့် တို့ဟူးများ ပြဲသွားလိမ့်မည်)
၆။ ထို့နောက် ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်ကောင်းမှုန့် ဖြူးပြီ ကော်ရည်ကို လောင်းချကာ ရောမွှေပြီ မီးပိတ်လိုက်ပါ။
၇။ ထမင်းထည့်ထားသော ပန်းကန်ပေါ်သို့ တို့ဟူး၊ ဟင်းရွက် ကော်ရည်များကို ဆမ်းလိုက်ပါ။
၈။ အရသာရှိသော မီဆိုအနှစ်နှင့် သက်သက်လွတ် ထမင်းပေါင်းကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ။
0 comments