ဘဲဥကို ပြုတ်ပြီး အခွံခွာ နှစ်ခြမ်းခြမ်းထား ဝက်သားကို အရသာမှုန့် သကြား နှင့် ထောင်းထားပြီး သားဂျင်းတို့ဖြင့်နယ်၍ နှပ်ထားပေးပါ။ ကြက်သွန်နီအခွံနွှာပြီး လေးစိတ် စိတ်ထားပေးပါ။
ဆီသပ်ရန်အတွက် ဆီထည့်ပါ။ ကြက်သွန်နီထည့်ပြီး နွမ်းလာသည်အထိဆီသပ်ပါ။ ကြက်သွန်နွမ်းပြီဆိုမှ နှပ်ထားသောဝက်သားထည့်ပါ။ ခရုဆီ ပဲငံပြာရည်အကြည် အရသာမှုန့်နှင့်ရေအနည်းငယ်ထည့်ပြီး ချက်ပါ။ ဝက်သားကိုအနည်းဆုံး၂ရေအထိတည်ပေးပါ။
ဒါမှအသားအိအိလေးနဲ့စားလို့ကောင်းမှာပါ။ အရမ်ခမ်းတဲ့ထိ တည်လည်းရတယ် အရည်ရွဲရွဲလေးဆမ်းစားချင်လို့ တည်လည်းရတယ် အဆင်ပြေသလိုချက်လို့ရတယ်။
Credit to Original Uploader
Shared by MayMay Cook
0 comments