ရှမ်းဆန်ကို ပုံမှန်ထက် နည်းနည်းလေးပျော့အောင်ချက်ထားမယ် ခရမ်းခဉ်သီး အမှည့်သီး ၈ လုံးခန့်ကို ခွဲပြီး ဆီနည်းနည်း ဆနွင်း ဆားထည့်ပြီး နှပ်ထားမယ်။ ပြီးရင် အားလုံး ဇလုံထဲထည့် ရောမွှေလိုက်ပါ။ စီးစီးလေးဖြစ်အောင် အာလူး ၂ လုံးပြုတ်ထည့်ပါ။
အားလုံးနှယ်ပြီးရင် ခရမ်းချဉ်သီး အဖတ်တွေရွေးထုတ်ပါ။ ကိုယ်ကြိုက်သည့်အရသာ အပေါ့အငန်မြည်းပြီး လိုရင် ဆား ဟင်းချိုမုန့် ထပ်ထည့်ပါ။ ပြီးရင် ကြက်သွန်ဖြူဆီချက်ထည့်နှယ်ပါ။ ထမင်းပူပူမှာနည်းနည်းအားထည့်ပြီးနှယ်ပါ။ ဒါမှစီးစီးလေးနဲ့ အရသာဝင်ပါမည်။
စိတ်ကြိုက် အလုံးလေးတွေလုံးပါ။ မြေပဲကြော်တို့ ကြက်ဥပြုတ်တို့နဲ့စားပါ။ ငရုပ်သီးခြောက်ကြော်နဲ့လည်း အရမ်းလိုက်ဖက်ပါသည်။ နံနံပင် ကြက်သွန်မြိတ် ဂျူးမြစ် တို့နှင့်လည်း စားကြပါသည်။
Credit to Original Uploader
Shared by MayMay Cook
0 comments