ချိုချဉ်ကြော်နည်း အမျိုးမျိုး

August 20, 2020

ကြက်ချိုချဉ်စပ်ကြော်

ပါဝင်ပစ္စည်းများ

၁. ကြက်ပေါင်းသား= ၃၀သား(လက်မအရွယ် အတုံးတုံးပါ)

၂. Sweet Chilli sauce= ထမင်းစားဇွန်းနဲ့ ၂ဇွန်း

၃. ငရုပ်ပွခြောက်= ၅ခု(ရေစိမ်ပါ နူးလာလျှင် ကြိတ်ပြီး အရောင်တင်မှုန့်နဲနဲဖြင့် ဆီအနီရအောင်ချက်ပါ)

၄. သံပုရာရည်= လက်ဖက်စားဇွန်း ၁ဇွန်းနဲ့ တဝက်

၅. သကြား= လက်ဖက်စားဇွန်းနဲ့ ၁ဇွန်း

၆. ကြက်သားမှုန့်= လက်ဖက်စားဇွန်းနဲ့ တဝက်1/2

၇. ကော်မှုန့်= ထမင်းစားဇွန်းနဲ့ ၁ဇွန်း

၈. ယိုးဒယားမယ်အကြော်မှုန့်= ထမင်းစားဇွန်းနဲ့ ၂ဇွန်း

၉. ကြက်ဥ= ၁လုံး

၁၀. ဥနီ /ကြက်သွန်နီ /ငရုတ်ပွအစိမ်း

၁၁. ပန်းမှုံလာ= အနည်းငယ်လှီးထားပါ

ပြုလုပ်ပုံ

၁. ကြက်သားကို (ကြက်ဥဖောက်ပြီး ယိုးဒယားမယ်အကြော်မှုန့်/ကော်မှုန့်)ဖြင့် နှယ်ပါ ပြီးရင် ကြော်ပါ။ ရွှေရောင်သန်းလာတဲ့ထိကြော်ပြီး ဆီစစ်ထားပါ။

၂. ဒယ်အိုးထဲသို့ နံပါတ်(၃)ရဲ့ ဆီအနီချက်ပြီးသားကိုထည့်ပြီး မီးအေးအေးဖြင့်အပူပေးထားပါ။

၃. Sweet chilli sauce/သံပုရာရည်/သကြား/ကြက်သားမှုန့်တို့ထည့်၍ (၂၀ စက္ကန့်အကြာ)အဆက်မပျက်မွှေပေးပါ ပြီးလျှင် ပန်းမှုံလာနှင့်ငရုတ်ပွ တို့ကိုထည့်ကြော်ပါ။

၄. ဆီစစ်ထားသော ကြက်သားကြော်ကို ပန်းကန်ပြားပေါ်သို့ ဖြန့်ထည့်ပြီး ၂၀ စက္ကန့်အကြာ ချက်ထားသော ဆောစ့်ကို ကြက်သားပေါ်သ်ို့ လောင်းချပြီး အပေါ်၌ အသင့်လှီးထားသော ဥနီ /နဲ့ ကြက်သွန်နီကို ဖြူး၍ သုံးဆောင်နိုင်ပါပြီ။


ဝက်ချိုချဉ်

ဝက်သားချည်းပဲကို အတုံးခပ်သေးသေးလှီးထားပါ။ ဆား၊ ရသာမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့်နှယ်ပြီးကြာကြာနှပ်ထားပါ။ ပြီးမှ ပြောင်းဖူးမှုန့်သို့မဟုတ် ကော်မှုန့်နှင့် ကြက်ဥတို့ထည့်နယ်၍ ဆီပူပူမှာထည့်ကြော်ပါ။

မကြွပ်တကြွပ်အခြေနေမှာပဲ ဆယ်ယူထားပါ။ ပန်းငရုတ်ပွ၊ သခွားသီး လှီးထားတာတွေထည့်၊ အိုးထဲဆီတဇွန်းထည့်ပြီးကြက်သွန်နီ၊ဝက်သားထည့်မွှေပါ။ ခရမ်းချဉ်သီးဆော့နှစ်ဇွန်း၊ သကြားတဇွန်း၊ ဆားအနည်းငယ်၊ကော်မှုန့်တဇွန်းတို့ကို ရေဖြင့်ဖျော်ပြီး လောင်းထည့်မွှေပါ။ အရည်များပျစ်လာရင်ချလို့ရပါပြီ။


အသီးရွက်ချိုချဉ်ကြော်

ကိုယ်စားချင်တဲ့ အသီးရွက်ကို လှီးဖြတ်ထားပါ။ဆော့ ဖျော်ဖို့က ခရမ်းချဉ်သီးဆော့၊ ငရုတ်၊ ဆော့၊သကြား၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ အရာသာမှုန့်နဲနဲ၊ ကော်မှုနိ့၁ဇွန်းကို ရေနဲနဲနဲ့ရောဖျောထားပါ။

ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီဆူရင်ထည့်ပါ။ ပြီးရင် အသီးရွက်တွေ ထည့်ကြော်ပါ။ခရမ်းချဉ်သီးနဲ့၊ ကြက်သွန်နီကို လေးစိပ်စိပ်ပြီးထည့်ပါ။

ပဲငံပြာရည်အကြည်ထည့်ပါ။ ငရုတ်ကောင်းမှုန့်ထည့်ပါ။ အရွက်နူးခါနီးရင် ချိုချဉ်ရည်ကို ထောင်းထည့်ပြီး အရသာမြည်းပြီးချပါ။


ပုဇွန်ချိုချဉ်ကြော်

ပုဇွန် ၄၀ကျပ်သား၊ ငရုပ်ဆီ ထမင်းစာဇွန်း၅ဇွန်း၊ ဆီ၊ ဆား၊ ဟင်ခက်မုန့်၊ သကြား၊ ကြက်သွန်ဖြူ၊ ငရုပ် အစိမ်းအပွတောင့် အနီတောင့်ကို အတုံးလေးတေစိတ်ထားပါ။

နံနက်သီး စိတ်ထားပါ။ ပုဇွန်ချိုချဉ်မကြော်ခင်အရင် ဆီနဲ့အရင်ကြွပ်ယွနေအောင်ကြော်ထားပါ။ ဆီစစ်ထားပါ။ စကြော်ပါမယ် ဒန်အိုးထဲ ဆီထမင်းစာဇွန်း၁ဇွန်းထဲပါ။ ငရုပ်ဆီထည့်မွှေပါ။

သကြား၊ ဟင်းခပ်မုန့်၊ ဆားထည့်မွှေပါ။ ငရုပ်သီးအစိမ်းတောင့်၊ အနီတောင့်၊ ကြက်သွန်ဖြူ ထည့်မွှေပါ။ နောက်ဆုံးမှာ ပုဇွန်းထည့်ပီးရင်ရပါပြီ။


၀က်သားနာနတ်သီး ချိုချဉ်ကြော်

လိုအပ်သည့်ပစ္စည်း

  • အရိုးလွတ်အသား ၃၀ သား
  • နာနတ်သီး ၁ လုံး
  • ငရုတ်ပွ (အစိမ်း) ၁ လုံး
  • ငရုတ်ပွ(အနီရောင်) ၁ လုံး
  • ဆီ
  • ကြက်ဥ ၂ လုံး
  • ဂျင်း ၁ တက်
  • ကြက်သွန်မြိတ် ၂ ပင်
  • ကြက်သွန်နီ ဥကြီး ၁ ဥ
  • ကြက်သွန်ဖြူ ၅ တက်
  • ခရမ်းချဉ်သီးငရုတ်ဆီ ၂ ဇွန်း
  • သကြား ၁ ဇွန်း
  • ပြောင်းကော်မှုန့် ၂ ဇွန်း
  • ဂျုံမှုန့် ၃ ဇွန်း
  • ဟင်းချက်ဝိုင် ၂ ဇွန်း

ပြင်ဆင်ချက်ပြုတ်ပုံ

အရိုးမဲ့အသားများအား အနေတော်အရွယ် အတုံးလေးများ တုံးပြီး ဆားဖြင့် နယ်ကာ အရသာသွင်းထားပါ။ ၁၅ မိနစ်ခန့် အရသာသွင်းပြီး လျှင်ကြက်ဥ+ဂျုံမှုန့်တို့ကို ပန်းကန်တစ်ခုအတွင်း ထည့်မွှေကာ မပျစ်မကျဲအနေအထားရရှိအောင် ပြုလုပ်ပါ။

ရရှိသော ကြက်ဥဂျုံမှုန့်အနှစ်များအား အသားတုံးများဖြင့် ရောနယ်ပါ။ ထို့နောက် ဒယ်အိုးကြီးကြီးတစ်လုံးထဲတွင် ဆီများများထည့်ပြီး အသားတုံးများအား ဆီမြုပ်သည်အထိ ကြော်ပါ။ ကြော်ပြီးပါက အသားတုံးများအား ဆီစစ်ထားပါ။

နာနတ်သီး ၊ ငရုတ်ပွ အစိမ်းနှင့် အနီ တို့အား အတုံးလေးများ တုံးထားပါ။ ကြက်သွန်နီ + ကြက်သွန်ဖြူ + ဂျင်းတိုပအား နုတ်နုတ်စင်းထားပါ။ ခရမ်းချဉ်သီးငရုတ်ဆီ နှင့် ပြောင်းကော်မှုန့်တို့ကို ရောပြီး ရေဖြင့် မပျစ်မကျဲဖျော်ထားပါ။

ဒယ်အိုးတစ်ခုထဲတွင် နုတ်နုတ်စင်းထားသော ကြက်သွန်နီ + ကြက်သွန်ဖြူ + ဂျင်းတို့အား ဆီသတ်ပါ။ ထို့နောက် နာနတ်သီးနှင့်ပန်းငရုတ်ပွအား ထည့်ပါ။ ကြော်ထားသော အသားတုံးများအား ထည့်ပါ။ ဟင်းချက်ဝိုင်တစ်ဇွန်းထည့်ပါ။ အရသာစပ်ပါ။

နောက်ဆုံးတွင် ငရုတ်ဆီ + ပြောင်းကော်မှုန့်ဖျော်ထားသော အရည်ကိုထည့်ပါ။ မပျစ်မကျဲအနေအထား၇အောင် အနည်းငယ်စီသာထည့်ပါ။ အပေါ်မှ ကြက်သွန်မြိတ်လေးများဖြူးပြီး သုံးဆောင်နိုင်ပါပြီ။


ပင်လယ်စာအစုံ ချိုချဉ်ကြော်

ကြက်သွန်နီ လေးစိပ်စိပ် ကြိုက်နှစ်သက်ရာ အသားကို ကျက်ရုံပြုတ်ပြီး အနေတော်လှီးဖြတ်ထား ကိုယ်ထည့်ချင်တဲ့အသီးအရွက်တွေကို အကျက်ညီအောင် အရွယ်တူလှီးဖြတ်ထားပါ။

ချိုချဉ်ဆော့ အတွက် ခရမ်းချဉ်သီးဆော့ ထမင်းစားဇွန်း ၃ဇွန်း၊ သကြား ထမင်းစားဇွန်း၂ဇွန်း၊ ဗီနီကာ သို့ ရှာလကာရည် ထမင်းစားဇွန်း၃ဇွန်း၊ ပဲငံပြာရည် အကြည် ထမင်းစားဇွန်း၃ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံး ကိုရော သကြားပျော်အောင် ဖျော်ထားပါ။

ကော်ရည်အတွက် ကော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း မောက်မောက်၊ ရေ ထမင်းစားဇွန်း၁၀ဇွန်း ရိုးရိုးရေအေးပါ။

ဒယ်ထဲဆီထည့် ကြက်သွန်နီ ထည့် အသားထည့် ပဲငံပြာရည် အနောက် ထမင်းစားဇွန်း တစ်ဇွန်း ၊ခရုဆီ ထမင်းစားဇွန်း တစ်ဇွန်း ထည့်ပါ။အသီးအနှံ ထည့် ဆား၊ ဟင်းခတ်မှုန့် ထည့် ရေလေးနဲနဲထည့်ပြီး အဖုံးအုပ် ရေခမ်းတဲ့အထိ တည်ပါ။

ရေခမ်းသံကြားမှ ဖျော်ထားတဲ့ ဆော့ထည့် နှံ့အောင်မွှေပြီး ခဏပြန်အုပ်ထားပါ။ အရသာမြည်း အနေတော်ရင် ကော်ရည်ထဲ့ အပျစ်အကျဲမိမိစိတ်ကြိုက်ချက်ပါ။

ပင်လယ်စာအစုံကို ပြုတ်ပါမယ်။ ဘာအသားပဲပြုတ်ပြုတ် ပထမတစ်ရေကို အသားမြုပ်ရုံရေထည့် ပွက်ပွက်ဆူ လို့ အမြုပ်တွေထလာရင်သွန်ပစ် ၊အသားကို ရေပြန်ဆေး ပြီး ဒုတိယ ရေကျမှ ဆား၊ ဟင်းခတ်မှုန့် ၊ ဝက်သားဆို တရုတ်မဆလာ ၊ နာနတ်ပွင့် တစ်ပွင့်နှစ်ပွင့် ထည့်ပြုတ်ပါ။ ရေအများကြီး တခါထဲမထည့်ပဲ အသားမြုပ်ရုံထည့် အသားမကျက်မှ ရေနဲနဲချင်းစီ ထပ်ဖြည့်ထည့်ပါ။

အသားပြုတ်ရည်ကို ဟင်းချိုအဖြစ်သုံးလို့ရသလို ဟင်းထဲလဲထည့်ချက်လို့ရပါတယ်။ ကြက်သွန်နီ ထည့်ပြီး အသားထည့် ရေထည့်ပြီး အသားကျက်အောင်အရင်ချက်ပါ။ ပြီးမှ အသီးအနှံထည့်ပါ။ ဒါဆိုရင်တော့ ပင်လယ်စာအစုံချိုချဉ်ကြော်ရပါပြီ။


Credit to Original Uploader

Shared by MayMay Cook

  • Share:

You Might Also Like

0 comments