လက်ဖက်ရည်ဖျော်နည်းများ

August 26, 2020

(၁) လက်ဖက်ရည်ဖျော်နည်း

လက်ဖက်အချိုခြောက်ကို ပွက်ပွက်ဆူနေသော ရေနွေးထဲသို့ အဖန်ကျအောင်ထိ မိနစ် ၃၀ကနေ တစ်နာရီထိ နှပ်ထားပေးပါ။ အနံ့ သင်းလာပြီဆိုရင်တော့ဖြင့် အဖန်ရည်များကို စစ်ယူထားပေးပါ။ လက်ဖက်ဖျော်တော့မယ်ဆို နို့ဆီ နို့စိမ်း အရင်ထည့်ပါ။ ပြီးမှ စစ်ယူထားတဲ့ အဖန်ရည်ထည့်ပြီး အချိုးကျကျဖျော်ပေးပါ။

ချိုစိမ့်ကြိုက် ရင်တော့ သကြားလေးပါထည့်ကူပေါ့။ အချိုးစားကတော့ အများစာဆို အချိုးတူအများစာထည့်ပါ။ တချို့ကတော့ လက်ဖက်ရည်ဖျော်ရင် ဆားထည့်ကြပါတယ်။ ကိုယ်ကတော့ မထည့်ပါ။ ပြီးတော့ ဆားလေးနည်းနည်းနဲ့ ပျစ်နေအောင်ကျိုထားတဲ့ နွားနို့ကို နိုစိမ်းအစားထိုးသုံးတယ် ပိုသောက်လို့ ကောင်းတာပေါ့။


(၂) လက်ဖက်ရည်ဖျော်နည်း

အရင်တခါ လက်ဖက်ရည်နှပ်နည်းကတော့ ဆိုင်တွေလိုမျိုး လက်ဖက်ခြောက်လေးကိုတနေကုန်နည်းပါးလေးနှပ်ပြီးမှဖျော်တဲ့နည်းပါ။ အခုတခါကတော့ အချိန်မရတဲ့သူတွေအတွက် ဖျော်တဲ့နည်းလေးပါ။ အခုနည်းမှာတော့ လက်ဖက်ခြောက်ပိုကုန်ပါတယ်။ ဖျော်နည်းကတော့ သိပ်မကွာပါဘူး။လက်ဖက်ခြောက်များများရှိနေရင် ဒီနည်းလေးနဲ့ဖျော်ရင် အချိန်ကုန်သက်သာပါတယ်။ လက်ဖက်အချိုခြောက်ကိုတော့ ဦးကာကကထုတ်တဲ့ လက်ဖက်အချိုခြောက်ကိုသုံးထားပါတယ်။ အထုပ်၂ မျိုးလာပါတယ်။ တမျိုးကတော့ ဦးကာက တံဆိပ်နဲ့ပါ။နောက်တမျိုးကတော့ စိန် တံဆိပ်နဲ့ပါ။ ဧည့်သည်လာခါနီး မြန်မြန်လဲပျော်လို့ရတဲ့နည်းလေးမို့လုပ်ကြည့်နော်။

ပါဝင်သောပစ္စည်းများ (၃ ခွက်စာ)

  • ၁။ ဦးကာက (စိန်) လက်ဖက်အချိုခြောက် - ထမင်းစားဇွန်း ၂ ဇွန်း
  • ၂။ ရေ - ၁ လီတာ
  • ၃။ နို့စိမ်း - ထမင်းစားဇွန်း ၄ ဇွန်း
  • ၄။ နို့ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
  • ၅။ ဆား - အနည်းငယ် (ထမင်းစားဇွန်း = ၁၅ ml = လက်ဖက်ရည်ဇွန်း ၃ဇွန်း)

ပြုလုပ်နည်း

၁။ ဦးကာက (စိန်) လက်ဖက်အချိုခြောက်ကိုဆား၊ ရေ တလီတာဖြင့် မီးဖိုပေါ်မှာ မီးပြင်းပြင်းဖြင့်တည်ပါ။ ပွက်လာလျှင် နောက်ထပ် ၅ မိနစ်ခန့်ဆက်တည်ပါ။ ထို့နောက် မီးဖိုပေါ်မှချပြီးရေစစ်ဖြင့်စစ်ပါ။

၂။ အဖန်ရည်ထဲကို နို့စိမ်း၊ နို့ဆီတို့ထည့်၍ သမအောင်မွှေပြီး သောက်သုံးနိုင်ပါပြီရှင်။


(၃) အိန္ဒိယလက်ဘက်ရည် ဖျော်နည်း

ပါဝင်ပစ္စည်းများ

  • အချိုခြောက်
  • နွားနို့
  • သျကား
  • ဂျင်း
  • သစ်ဂျပိုးခေါက်
  • ဖာလာစေ့
  • ဖာလာအကြီး
  • လေးညှင်း
  • ငရုပ်ကောင်းစေ့
  • စမုံစပါး (စမုံစပါးက မထည့်လည်းရ)

ပြုလုပ်နည်း

သစ်ဂျပိုးခေါက် ဖာလာစေ့ ဖာလာအကြီး လေးညှင်း ငရုပ်ကောင်းစေ့ စမုံစပါး အားလုံးကိုရောပြီး ထောင်းထားလိုက်ပါ။ အရမ်းညှက်စရာမလို။ မထောင်းချင်ရင်လည်း အားလုံးကို ကြိပ်စက်နဲ့ ရောကြိပ်လိုက်လို့ရပါတယ်။ အချိုခြောက်ကို အဖန်ရည်ကျအောင် နှပ်ထားပါ။

နွားနို့ကို ပျစ်ပျစ်လေး ကျိုထားပါ။ ပြီးရင် ရေနွေးတည်ပြီး အဲ့ရေနွေးအိုးထဲ ဂျင်းကို ရင်ဆုံး ထောင်းထည့်ပါ။ (ဂျင်းအခွံခွာစရာမလို)။(ဂျင်း အခြောက်ထည့်လည်းရပါတယ်)။ ရေနွေးပွက်ပွက်ဆူလာပြီး ဂျင်းလည်း ကျက်သွားပြီဆိုတဲ့အခါမှ အားလုံးရောထောင်းထားတဲ့ ဖာလာ လေးညှင်း သစ်ဂျပိုး ငရုပ်ကောင်း စတာတွေကို ထည့်လိုက်ပါ။ ဆားလေးနည်းနည်းထည့်ပါ။

တစ်ချို့ကတော့ အချိုခြောက်နှပ်ထားတဲ့အရည် အထဲမှာပဲ အဲ့အဆာပလာတွေ တစ်ခါတည်း ရောထည့်ပြီး ကျိုလိုက်တာလည်းရှိပါတယ်။ ခရမ်းပြာကတော့ သူ့အနံ့အရသာလေးကို ကိုယ့်စိတ်တိုင်းကျ လိုတိုး ပိုလျှော့လေး လုပ်ပြီး စိတ်ကြိုက်အရသာလေး သောက်ချင်တာမို့အချိုခြောက်နှပ်ရည်သပ်သပ် ဖာလာ လေးညှင်းစတဲ့အဆာပလာအရည် သပ်သပ် တစ်အိုးစီတည်လိုက်တာပါ။

တကယ်လို့ အဲ့ဒီ ဖာလာ လေးညှင်းစတဲ့ အရသာတွေကို သိပ်မကြိုက်ရင် အဲ့အရည်လေးကို လက်ဘက်ရည်ဖျော်တဲ့အခါ လျှော့ထည့်ပြီး ကြိုက်ရင်တော့လည်း ပိုပြီးထည့်လို့ရတာပေါ့။ အားလုံးပြီးပြီဆိုရင်တော့ နှပ်ထားတဲ့အချိုခြောက် အဖန်ရည်ကိုစစ်ယူပြီး သကြားထည့်ပါ။

နွားနို့ထည့်ပါ။ ပြီးရင် ဂျင်း သစ်ဂျပိုးခေါက် ဖာလာစေ့ ဖာလာအကြီး လေးညှင်း ငရုပ်ကောင်းစေ့ စမုံစပါး စတဲ့အဆာပလာတွေထည့်ကျိုထားတဲ့အရည်လေးထည့်ဖျော်လိုက်ပါ။ နွားနို့ မရရင် မိတ် ထည့်ပါ။ သကြားနဲ့မကြိုက်ရင် နို့ဆီနဲ့ထည့်ဖျော်ပါ။

အဲ့ဒါဆို ထူးခြားတဲ့ အနံ့အရသာလေးနဲ့ပြည့်စုံတဲ့ အိန္ဒိယ လက်ဘက်ရည်ကို ရပါပြီနော်။ ချိုတယ် မွှေးတယ် စိမ့်တယ် ပြီးတော့ စပ်ရှားရှားလေးနဲ့ တကယ့်ကို ဆန်းသစ်တဲ့ အနံ့အရသာလေးနဲ့ အိန္ဒိယလက်ဘက်ရည်လေးပါ။ သောက်ပြီးတောင် ခံဝင်းလက်ဘက်ရည်လေးပါ။ သောက်ပြီးတာနဲ့ ခံတွင်းကိုလည်း ရှင်းသွားစေပါတယ်။


(၄) လက်ဖက်ရည်ဖျော်နည်း

လက်ဖက်ရည် ဖျော်နည်းမေးထားတဲ့ သူတွေ အတွက်အိမ်မှာပဲ လက်ဖက်ရည်ကောင်းကောင်းဖျော်သောက်ရအောင်နော်။ လက်ဖက်ရည်မှာ ပါတာက အဖန်ရည်ရယ်၊ နို့စိမ်းရယ်၊ နို့ဆီရယ်ပါ။ တချို့ကနွားနို့နဲ့လုပ်ကြတယ်။ နွားနို့နဲ့လုပ်တဲ့လက်ဖက်ရည်က မြန်မာပြည်ကနဲ့သိပ်မတူပါဘူး။ အဲ့တာကြောင့်ဆိုင်တွေကလို သောက်ချင်ရင် နို့စိမ်းနဲ့ပဲဖျော်ပါ။

လက်ဖက်ရည်ကို ချက်ချင်းသောက်မယ်ဆိုရင်တော့ အခုလိုဖျော်နိုင်ပေမယ့်။ နောက်ရက်ကောသောက်ရန် အတွက်သိမ်းထားမယ်ဆိုရင်တော့ နို့စိမ်းကို ပွက်အောင်အ၇င်တည် ပြီးရင် နို့စိမ်းထဲကိုနို့ဆီထည့် ပြီးမှ အဖန် ရည်နဲ့က ရင် ၃ရက် ၄ရက်လောက်အထိ ရေခဲသေတ္တာထဲ ထည့်ပြီး ပြန်မွှေးရင် သောက်လို့ကောင်းပါတယ်။

ပါဝင်သောပစ္စည်းများ (၄ ခွက်စာ)

  • ၁။ လက်ဖက်အချိုခြောက် - ထမင်းစားဇွန်း ၄ ဇွန်း (ဖန်တာကြိုက်လျှင် ၁ ဇွန်းပိုထည့်ပါ။)
  • ၂။ နို့စိမ်း
  • ၃။ နို့ဆီ
  • ၄။ မလိုင် (ရှယ်သောက်ချင်ရင်တော့ ထည့်ပါ။)
  • ၅။ ရေ - ၂ လီတာ

ပြုလုပ်နည်း

၁။ အိုးတခုထဲကို လက်ဖက်အချိုခြောက်နှင့် ၇တလီတာအရင် ထည့်ပြီး အိုးတွင် ၇အမှတ်ကို မှတ်ထားပါ။ ထို့နောက်နောက်ထပ်ရေတလီတာထည့်ပြီး မီးဖိုပေါ်တွင် မီးအေးအေးဖြင့် အဖန်ရည်နှပ်ပါ။ (အမြန်လုပ်ချင်ရင် ၁၅ မိနစ်နဲ့နှပ်လဲ၇ပါတယ်။ အမြန်လိုချင်ရင် လက်ဖက်အချိုခြောက်ကို ထမင်းစားဇွန်း ၆ ဇွန်းထည့်ပြီး မီးပြင်းပြင်းဖြင့်တည်ပါ။) တချို့က အဝတ်နဲ့လက်ဖကအချိုခြောက်ကို ထုတ်ပြီးတော့ နှပ်ပါတယ်။

၂။ အဖန်ရည် ကောင်းကောင်းလိုချင်ရင်တော့ တနာရီလောက် နှပ်ပါ။ (ပိုကြာကြာနှပ်ရင်လဲကောင်းပါတယ်။) အိုးမှာမှတ်ထားတဲ့ရေအမှတ်အောက်မရောက်အောင် ရေကို ဖြည့်ဖြည့်ပေးပါ။ ၁ နာဂိုလောက် နှပ် အပြီး မှတ်ထားသော ရေတလီတာအကျန်မှာ မီးဖိုပေါ်မှချပါ။

၃။ လက်ဖက်ရည်ပုံမှန်ခွက် (240ml) တခွက်ဖျော်ရန်အတွက် နို့စိမ်း ထမင်းစားဇွန်း ၃ ဇွန်း ကို ခွက်ထဲအရင်ထည့်ပါ။ ပြီးမှ အဖန်ရည်ကို ရေစစ်ဖြင့် စစ်ရ်နို့စိမ်းအပေါ်မှခွက်ထဲကို ဖြည့်ထည့်ပါ။ နို့ဆီလက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့) ၁ ဇွန်းခွဲထည့်၍ မွှေပါ။

၄။ လက်ဖက်ရည်ဆိမ့်ဆိမ့်လေးကို မလိုင်ဖတ်လေးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။ party အတွက် လက်ဖက်ရည်ဖျော်မည်ဆိုလျှင်လက်ဖက်ရည်အချိုခြောက် ထမင်းစားဇွန်း ၁၂ ဇွန်းကို ရေ ၄ လီတာ ဖြင့် အထကပါနည်းအတိုင်း ရေ ၄လီတာ လျော့သွားရင် ထပ်ထပ်ဖြည့်ပြီး နှပ်ပေးပါ။ (5 L အိုးဖြင့် နှပ်ပါ။)

၅။ ပြီးလျှင် ရေစစ်ဖြင့် စစ်ပါ။

၆။ ၅ လီတာ ဆန့်တဲ့အိုးထဲမှာ အဖန်ရည်ထည့်၊ နို့စိမ်း ၂ ဗူး ကို ထည့် ၊ နို့ဆီဗူး တ ၀က် (သို့) တဗူးကို ထည့်၍ ဖျော်နိုင်ပါတယ်။

မှတ်ချက်။ ။ လက်ဖက်အချိုခြောက်ကို အိန္ဒိယကုန်ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာလဲရနိုင်ပါတယ်။

တကယ်လို့မရှိလျှင် Lipton tea အထုပ်ကိုအသုံးပြုနိုင်ပါတယ်။


Credit to Original Uploader

Shared by MayMay Cook

  • Share:

You Might Also Like

0 comments