မုန့်ဟင်းခါး ချက်နည်း

August 30, 2020

လိုအပ်သည့်ပစ္စည်း

၁။ ငါးဆီသတ်

၂။ ကုလားပဲပြုတ်ပြီးထောင်းပါ (သို့) blenderနှင့်ကြိတ်

၃။ ဆန်လှော်မှုန့် ရေဖျော်ထားပါ

၄။ ဌက်ပျောအူ 

အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ ရေရော စိမ်ထားပေးပါ။

မှတ်ချက် ။ ။ နနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။

ချက်နည်း

၁။ ငါးဆီသတ်ဖို့ အရင်ဦးဆုံး ငါးပြုတ်ကြရအောင်။

ငါးလေးဆယ်သားကို (ငါးကြင်း) ထန်းလျက် ၃ ခဲ၊ စပါးလင် ၃ပင် ထုထောင်းခွေထည့် ငရုတ်ပွခြောက် ၄ တောင့်၊ ငံပြာရည်ထည့်နယ်ပြီး ရေကိုငါးမြုပ်သည့်အထိထည့်ပြီး နူးအောင်ပြုတ်၍ အသားနွှင်ထားပါ။

ငါးပြုတ်ရည်ကို ခွက်တစ်ခုထဲ စစ်ထည့်ထားပါ။ ကြက်သွန်ဖြူ(ထောင်း)၊ ကြက်သွန်နီ(ပါးပါးလှီး)၊ ချင်း(ထောင်း)၊ စပါးလင်၃ပင် (နှုတ်နှုတ်စဉ်း)ငရုတ်သီးအစိမ်းမှုန့် နနွင်းမှုန့်အနည်းငယ်နဲ့ ရွနေအောင်ဆီသတ်ပြီး နွှင်ထားတဲ့ငါးအသားကို ထည့်မွှေပါ။

မှတ်ချက် ။ ။ ကြက်သွန်ဖြူ ၊ ချင်း၊စပါးလင် (blender ဖြင့်ကြိတ်လျှင် ပိုကောင်းပါသည်။) ကြက်သွန်နီထည့်မကြိတ်ရပါ။

ငါးအသားနဲ့ ဆီသတ်များရောပြီးငါးသားအနည်းငယ်ခြောက်လာလျှင် ငါးပြုတ်ရည် ရေတစ်ဖန်ခွက်ခန့် တစ်ခွက်ထည့်ပါ။ ငါးကို ပျော့ပျော့အိအိ အနေအထားလေးမှာချထားပါ။ အရမ်းမကြွပ်ပါစေနှင့်။

၂။ ကုလားပဲ လေးဆယ်သားကို (ဆီ၁ ဇွန်း၊ နနွင်းအနဲငယ်၊ ချင်းလက်ငါးလုံးခန့်) နဲ့ နူးအိနေအောင်ပြုတ်ပီးညက်နေအောင်ထောင်းပါ (သို့) blender ထဲသို့ပဲပြုတ်ရေအနည်းငယ်ထည့်၍ကြိတ်ပါ။

မှတ်ချက် ။ ။ ကုလားပဲကို အရသာအနည်းငယ်ထည့်ပြုတ်ပါ။(ပဲပြုတ်ရေများကို ခွက်တစ်ခုထဲ ထည့်ထားပါ)

မုန့်ဟင်းခါး စ ချက်ပါတော့မယ်။

ရေနွေးအိုးတည်ထားပါ။ ရေနွေးပွက်လျှင်ကုလားပဲ ပြုတ်ရည်နှင့်ငါးပြုတ်ရည် ရောထည့်ပါ။ စပါးလင်ထုခွေပီး ၂ ပင် ထည့်ပါ။

ငှက်ပျောအူပါးပါးလှီးပြီးသားထည့်ပါ။ ဆန်လှော်မှုန့်ရေဖျော်ပြီး ဟင်းရေကို ဇွန်းနဲ့မွှေရင်း လောင်းထည့်ပါ။ (တစ်နေရာထဲ သွန်ထည့်လိုက်လျှင် အခဲကြီးဖြစ်နေတတ်သည်။) ထိုအရည်ထဲသို့ဆီမွှေးသတ်ပြီးသားငါးကိုလောင်းထည့်ပါ။

အရသာကို အချိုမှုန့်၊ ငံပြာရည် မိမိလိုသလို ကြည့်ထည့်ပါ။ အိုးဘဲဥလုပ်ရန် ဘဲဥပြုတ် (သို့) ကြက်ဥပြုတ်ကို အခွံခွာထည့်ပါ။ ကြက်ဥ ဖောက်ထည့်ပြီးမွှေပေးပါ။

ဟင်းရည်ပေါ် ဆီများ ဝေ့လာသည်အထိမီးအေးအေးဖြင့်တည်ပေးပါ။ ဟင်းရည် အပျစ် အကျဲကို မိမိစိတ်ကြိုက် ကြည့်၍ ချိန်ပါ။ အချို့က အပျစ်ကြိုက်၍ အချို့က အကျဲကြိုက်တာကြောင့်ပါ။

ကြက်သွန်နီဥသေးလေးများထည့်ပါ။ အိုးချခါနီး ငရုတ်ကောင်း အနည်းငယ်ခတ်ပေးပါ။

မုန့်ဟင်းခါးကျက်လျှင်တော့ မိမိတို့ ကြိုက်နှစ်သက်ရာ နံနံပင်၊ သံပုရာသီး ၊ ငံပြာရည် ၊ ပဲသီး၊ ပဲသွေး

ဘူးသီးကြော်၊ ပဲကြော်၊ ငါးဖယ်၊ အိုးဘဲဥ ၊ ငရုတ်သီးအကြော်မှုန့် ထည့်ပြီးစားသုံးနိုင်ပါပြီ။


Credit to Original Uploader

Shared by MayMay Cook

  • Share:

You Might Also Like

0 comments