၁။ ကြက်ခြေထောက်/ကြက်တောင်ပံ/ဝက်နံရိုး မိမိနှစ်သက်ရာကို ဆား ဟင်းချိုမှုန့် တရုတ်မဆလာ ဂျင်း/ကြက်သွန်ဖြူထောင်းတို့ထည့်ကာနယ်နပ်ပြီး ဆီအနည်းငယ်နဲ့လုံးချက်ကာ ဆီပြန်လာရင်ရေထည့် စွပ်ပြုတ်ရအောင်တည်ပါ။
၂။ မိမိကင်လိုတဲ့ကြက်သား သို့ ဝက်သားကို ပါးပါးသေးသေးလေးတွေလှီးပြီး ပဲငံပြာရည် ဆား ဟင်းချိုမှုန့် တရုတ်မဆလာ ဆန်အရက်နဲနဲ လျှာထုံမှုန့်အနည်းငယ်ထည့်ကာနယ်နှပ်ထားပါ။
၃။ မိမိစားလိုတဲ့ဟင်းသီးဟင်းရွက် မှို ပင်လယ်စာ ခေါက်ဆွဲဖတ် ငုံးဥ ဘာညာစသည်တို့ကို ပြုတ်သင့်တာပြုတ် ခြွေသင့်တာခြွေပြီး အဆင်သင့်ပြင်ဆင်ထားပေးပါ။
အားလုံးပြင်ဆင်ပြီးသွားရင် အကင်ဟော့ပေါ့လုပ်စားမယ့်မီးဖိုကိုမီးမွှေးပြီး မီးကောင်းကောင်းစွဲပြီဆိုမှအကင်အိုးကိုတင်ကာ အိုးထဲစွပ်ပြုတ်ရည်နဲ့အရိုးတွေပါထည့်ပါ။
အိုးထိပ်မှာ အဆီဖတ်တုံးတစ်တုံးတင်ထားပြီး အသားတွေကင် စွပ်ပြုတ်တွေဆူလာပြီဆိုအသီးရွက်နဲ့ပင်လယ်စာ ဘာဘာညာညာတွေထည့်ကာ အသားကင်လဲစားရင်း ဟော့ပေါ့လေးလဲစားရင်း ရှယ်ပါပဲနော်။
တွဲဖက်စားစရာ အချဉ်ရည်ပြုလုပ်နည်း
ကြက်သွန်ဖြူ/ငရုတ်သီးစိမ်းကိုကြိတ်စက်နဲ့ကြိတ်ပြီး ငရုတ်သီးမှုန့်ဆီကြော် ပဲငံပြာရည် ဆား ဟင်းချိုမှုန့် နံနံပင် နှမ်းလှော်ထောင်းတို့ထည့်မွှေပြီး အသင့်သုံးသံပုရာရည်ဗူးကိုလောင်းထည့်ဖျော်ပါရှင်။
0 comments