ရိုးရိုးမြီးရှည်
ပါ၀င်ပစ္စည်း
- ၁.မြီးရှည်မုန့်ဖတ်
- ၂.၀က်သား( အခေါက်အသား)
- ၃.ဆန်စိမ်းမှုန့်
- ၄.ပဲပင်ပေါက်အတို
- ၅.၀က်ဆီဖတ်ကြော်
- ၆.ကြက်သွန်ဖြူ .ဂျင်း
- ၇.တ၇ုတ်နံနံပင်
- ၈.င၇ုတ်နှစ်.င၇ုတ်သီးခွဲကြမ်းမှုန့်
- ၉.ဆီ.ဆားအချိုမှုန့်. ရှောက်ကောပတ်ကောမှုန့်
- ၁၀.ပဲငါးပိ အငံ
- ၁၁.ဗမာမုန်လာချဉ်
၀က်သားကိုဆားအချိုမှုန့်ရှောက်ကောပတ်ကောမှုန့်ဂျင်းထုထည့်ပြီးပြုတ်ပါ။ မြီးရှည်မုန့်ဖတ်ကိုရေနွေးဖျောဆစ်ထားပါ။ ဆန်စိမ်းမှုန့်ကိုနာရီ၀က်လောက်ရေစိမ်ပြီးအပေါ်ရေသွန်ပြီးဆားအချိုမှုန့်ထည့်ကြိုပါ။
ကြက်သွန်ဖြူ ထောင်းနဲ့တ၇ုတ်နံနံညှပ်ထားတာရောပြီးရေအနည်းငယ်ဖျော်ထားပါ။ ပဲငပိကိုရေအနည်းငယ်ဖျော်ထားပါ။ ကြက်သွန်ဖြူ ငရုတ်ဆီချက်ချက်ထားပါ။ ပဲပင်ပေါက်ရေနွေးဖျောထားပါ။ဂျုံလုံးကြော်ထည့်ချင်ရင်လည်းကြော်ထားပါ။ ဟင်းရည်အတွက်၀က်သားပြုတ်ရည်ဖယ်ထားပါ။
၀က်ပြုတ်ရည်ထဲကိုမုန့်ဖတ်ထည့်ပြုတ်ပါ။ ပြန်ဆယ်ရေစစ်ပြီးထည့် ဆန့်မှုန့်ကြိုထည့် အချိုမှုန့်ပဲငပိကြက်သွန်ဖြူတရုတ်နံနံပင်အရည် ၀က်သားအခေါက်အသားညှပ်ထည့် ငရုတ်သီးဆီချက်ထည့်၀က်ဆီဖတ်ကြော်ထည့်ပါ။
ဗမာမုန်လာချဉ်ဖတ်ထည့်ပြီးသုံးဆောင်နိုင်ပါသည်။ ဟင်းရည် ပန်းကန်လုံးထဲကိုကြက်သွန်ဖြူ တရုတ်နံနံ ပင်ရည်နဲ့ပဲငပိထည့်၀က်ပြုတ်ရည်ထည့်ပြီးတွဲဖက်သုံးဆောင်နိုင်ပါသည်။
0 comments