ဟင်းရည်ချက်ရန်လိုအပ်သည့်ပစ္စည်း
- ဝက်ရိုး သို့ နံရိုး … ၅၀ ကျပ်သား
- ဝက်သား … ၂၅ ကျပ်သား(နှုတ်နှုတ်စင်းထားရန်)
- ရှမ်းပဲပုပ် မှုန့် … ၅ ချပ် (ကင်ပီးထောင်းထားရန်)
- ခရမ်းချဉ်သီး … ၉ လုံး
- ဆနွင်း … အနည်းငယ်
- အရောင်တင်မှုန့်.... အနည်းငယ်
၁.. ရေသန့် ထဲသို့ ဝက်နံရိုး +ပဲပုပ်မှုန့်+ခရမ်းချဉ်သီး ထည့်၍ ဆူပွက်လာအောင်တည်ပါ။
၂.. ခရမ်းချဉ်သီးအခွံ အနည်းငယ်ကွဲ၍ လိတ်တက်လျှင် ဆယ်၍ နှုတ်နှုတ်စင်းပါ။
၃..ဒယ်အိုးတစ်လုံးတွင် ဆီ ပါလေရုံထည့်၍ ဆနွင်းနှင့် အရောင်တင်မှုန့်လေးထည့် နှုတ်နှုတ်စင်းထားသော အသားထည့်၍ဆီသတ်ပါ။ အသားနည်းနည်းကျက်လျှင် ခရမ်းချဉ်သီးထည့်၍၅ မိနစ်ခန့် ရောဆီသတ်ပါ။
၄.. ဆီသတ်ထားတဲ့အသားနဲ့ခရမ်းချဉ်သီးများကို ဟင်းရည်အိုးထဲထည့်၍ မိနစ်၃၀ မှ ၄၅ မိနစ်လောက်အရည်ကျအောက်တည်ပေးပါ။ ဆားနှင့်ဟင်းခတ်မှုန့် မိမိတို့အကြိုက်မှန်းထည့်ပါ။ ဝက်သားမစားသူများ ကြက်ရိုးနှင့်ကြက်သား အစားထိုး သုံးလို့ရပါတယ်နော်။
ခေါက်ဆွဲပြင်ရန်
မုန်တီဖတ်၊ ကြက်သွန်ဖြူဆီချက်၊ နှမ်းလှော် မညက်တညက်ထောင်းထားရန်။
ပဲပင်ပေါက် ရေနွေးဖျောထားရန်။
ဂေါ်ဖီထုပ် နှုတ်နှုတ်လှီးရေနွေးဖျောထားရန်။
လက်ပံပွင့် ရေနွေးဖျောထားရန်။
ကြက်သွန်ပင် နှုတ်နှုတ်လှီးပါ။
အချဉ်ကြိုက်လျှင် သံပုရာသီးညစ်၍စားနိုင်ပါတယ်။ စိတ်ကြိုက် ပြင်ဆင် သုံးဆောင်နိုင်ပါပီရှင်။
ဝက်ခေါက်ကြော် + ရှမ်းမုန်ညင်းချဉ် နှင့်တွဲစားလျှင် အရမ်းလိုက်ပါတယ်။

0 comments