ပါဝင်သည့်ပစ္စည်း
- မုန့်တီဖတ်
- ဝမ်းတို့ဖူး အမာ
- ကြက်သွန်နီဆီကျက်
- နံနံပင်
- မြေပဲထောင်း
- ငရုတ်ကြော်မှုန့်
- ငံပြာရည်
- ကြာညို့
- ဆန်လှော်ရှာလကာရည်
- ဟင်းခတ်မှုန့်
အချဉ်ရည်စပ်ရန်အတွက် ကြာညို့၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူ ညက်နေအောင်ထောင်းပြီးအရည်ညှစ်ထည့်၊ ဆန်လှော်ရှာလကာရည်နှင့် ရေကျက်အေးတို့ကို ရော၍ ဖျော်စပ်ထားပါ။
ကြက်သွန်နီဆီကျက်ချက်ထားပါ။ မြေပဲလှော်ထောင်းထားပါ။ မုန့်တီဖတ်ကို ရေပူဖျောထားပါ။ အားလုံးအဆင်သင့်ဖြစ်ပါက မုန့်တီဖတ်၊ တို့ဖူးအမာ၊ အချဉ်ရည်များများ၊ နံနံပင်၊ မြေပဲထောင်း ငရုတ်သီးမှုန့်တို့ထည့်၍ ချဉ်ငံစပ်သုပ်စားနိုင်ပါပြီ။
Credit to Original Uploader
Shared by MayMay Cook
0 comments